gravatar

စတင်ခြင်း

စတင်တော့မှာတွေးပြီးအိပ်မပျော်တာနှစ်ညလောက်ရှိတယ်.....ရင်တွေခုန်လို့..........သူစိမ်းတွေကြား တိုးရမှာ ကိုယ်သိတာ မသိတာ ကိုယ်လုပ်နိုင်တာ မလုပ်နိုင်တာ အများကြီးထဲက ကိုယ်လုပ်နိုင်တာကို သူတို့သိအောင် လုပ်ပြရတောမယ်.......ခွန်အားတွေသတ္တိတွေတော့ရှိပါလေရဲ့.....ဒါပေမဲ့အခုမှမိ့ခင်လက်ကလွှတ်လိုက်လို့လမ်း လျှောက် တတ်စ ကလေးတစ်ယောက်လို ဟိုစမ်းစမ်း ဒီစမ်း စမ်း တော့ ဖြစ်နေဦးမယ် ဆိုတာ တော့သေခြာတယ်....ဟိုးအရင်တုန်းကသူငယ်ချင်း၈ယောက် စတင်အလုပ်ဆင်းခဲ့ရတုန်းကလိုမျိုးပျော်ရွှင်မှုတွေ ရနိုင်ဖို့ဆိုတာတော့မမျှော်လင့်ရဲတော့ဘူး......ရမှာလဲမဟုတ်ဘူးလေ....တွေးလို့အားငယ်တာမျိုးလဲမဟုတ်ပြန်.....ဒါဆိုဘာလဲ.....ဘာလဲမှန်းအသေခြာမသိ........ သိနေတာတစ်ခုကကိုယ်လုပ်နိုင်တာ လုပ်တတ်တာကို အကောင်းဆုံးလုပ်ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာတော့ အသေခြာသိနေလေရဲ့.....ပျော်ရွှင်ချင်းဆိုတာလက်လွှတ်ခဲ့တာကြာပြီမို့တော့မတောင်းတတော့...ရနိုင်မယ်ဆိုရင် လိုချင်တယ်လို့မပူဆာတော့......ရနေပြီးသားမို့ပါ...စိတ်ချမ်းသာအောင်ထားနိုင်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ထား....
သူကိုယ့်အတွက်ပေးဆက်အနစ်နာခံခဲ့တာအသိ့သာကြီးသူ့ဗိုက်မှာခွဲစိတ်ခန်းကအပ်ချုပ်ရာကိုသာပြန်မြင်လိုက်.......
သူ့ကျေးဇူး သူ့မာန သူ့သိက္ခာတွေကို မင်း ပြန်လုပ်ပေးနိုင်တာ တစ်ခုပဲရှိတယ် စိတ်ချမ်းသာအောင်ထားရမယ် ဆိုတာပဲ... .သူစိတ်ချမ်းသာမှ မင်းဘဝလှမယ်.......မင်းဘဝလှအောင်သူဆွမ်းဆောင်ပေးထားတာတွေကိုရော မင်းပြန်လှည့်ကြည့်လိုက်ဥိး......မင်းသေတောင်မကြေတဲ့အကြွေးတွေသူ့အပေါ်မှာတင်နေတာဒါကိုမြင်ပေါ့........
သူမင်းကို မြီု့မှာကျောင်းတတ်ဖို့ ကားကြီးနဲ့ခေါ်သွားပြီးလမ်းမှာ ပါသမျှကားပေါ်ကလူတွေအားလုံးကြားအောင်
ဆုံးမခဲ့တဲ့ စကားလေးကိုလဲမမေ့နဲ့ “ဘယ်သူတွေရွှေဖိနပ်ဘယ်လိုစီးတယ် ဘယ်သူတွေဘယ်လိုနေတယ် ဆိုတာထက် ဘယ်သူကတော်လိုက်တာ ဘယ်လိုလိမ်မာတယ်ဆိုတာ အတုခိုးတဲ့” မှတ်မိ့သေးလား အဲဒါလေးလဲမမေ့နဲ့ဥိး...အိပ်ယာဝင်တိုင်းဘုရားရှိခိုးဖို့တိုက်တွန်းတတ်တဲ့သူ့ဆန္ဒမမေ့လျှော့လေနဲ့....မင်းအဖေပြောသလိုပေါ့တဲ့
“လူတိုင်းကိုတည့်အောင်ပေါင်း ကိုယ်မလုပ်နိုင်တာ သူလုပ်တတ်သလို ကိုယ်မနိုင်တာသူထမ်းနိုင်တယ်တဲ့”
အဲဒါကိုလဲခေါင်းထဲထည့်ထား......ဒါတွေအားလုံ့းမင်းအတွက်စတင်တဲ့နေ့အမှတ်တရ မိန့်ခွန်းတွေပါ


gravatar

ဗူးသီးမှ အရီးလာမတော်နဲ့



gravatar

ကဗျာ

မေ့နေလား......
ငါမပါဘဲဖြစ်ကျော်ခဲ့တဲ့ည
လှပခဲ့လား သာယာခဲ့လား.

မေ့နေလား......
ဝေေ၀ဆာဆာမဟုတ်ပေမဲ့.
အသေခြာတွေး ပြန်မေးကြည့်
မှတ်မိမယ်ဆိုရင်
ထိုင်ခုံရှည်တွေ
မျက်ရည်ဝေနေမယ်

မေ့နေလား......
အတိတ်မှာသွား ငါတို့ထားခဲ့တဲ့
မြတ်ခင်းစိမ်းတွေ
နွမ်းလို့မျာသွေ့လေမလား

မေ့နေလား......
အတူသွား အတူစားခဲ့တဲ့နေ့ရက်
လက်ချိုးလို့ပြန်မှတ်မယ်ဆို
မှတ်စုတစ်အုပ်ကုန်လောက်ရဲ့

မေ့နေလား......
မင်းပြောခဲ့တဲ့စကား
ငါ့နားမှာတင်မထားပဲ
နှလုံးသားထဲဆွဲသွင်းခဲ့တာ
ငါမှားလားကွာ

မေ့နေလား......
ငါ့ရင်ခွင်မှာမင်းပြောခဲ့တဲ့စကား
ဘ၀တွေခြားလဲမထားခဲ့နဲ့နော်တဲ့

gravatar

အလေ့အထ

ကိုယ်တန်ဖိုးထားတဲ့အရာတွေကကိုယ်တန်ဖိုးထားသလိုဖြစ်မလာတတ်တဲ့အချိန်လေးတွေရှိတတ်တယ် ဆိုတာ သတိချပ်ထားဖို့ မေ့နေခဲ့တယ်။ ကိုယ်ကြောင့်ဘယ်သူ့ကိုမှစိတ်ဒုက္ခမရောက်စေချင်ဘူး ကိုယ့်ကြောင့် စိတ်ဒုက္ခ ရောက်သွားတယ်ဆိုတာပြန်သိလိုက်ရရင်လဲ ဘယ်လိုမှ မနေတတ်တော့ဘူး ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့ သွားသလိုခံစားရတယ်။ တစ်ခါတစ်လေ ကလေးဆန်ဆန်အတွေးခေါ်တွေ ခံစားချက်တွေနဲ့ Feeling ပေတံကြီးနဲ့လိုက်တိုင်းတိုင်းနေတတ်တဲ့အကျင့်ကိုမပျင်နိုင်သေးဘူး အဲဒါပိုဆိုးတယ်သိ့နေ လျှက်နဲ့မပြင်နိုင်တာ လူညံ/လူမိုက် တဲ့ ပညာရှိသူတော်ကောင်းတွက ဆုံးမသြ၀ါဒတွေပေးခဲ့တာကို သိ့မှတ်ခဲ့တာတောင် မပြုပျင်နိုင်သေးဘူး။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ သူတို့တတွေရဲ့ခံစားချက်ကို လစ်လျှုရူတတ်တဲ့ အလေ့ထကို ဘယ်လိုက ဘယ်လိုပိုင်ဆိုင်နိုင်ခဲ့တာလဲဆိုတာတွေးလို့ အံ့သြမဆုံးနိုင်ဖြစ်နေတယ်။ ပြီးတော့မှ ဘာပြောလိုက်တာလဲ ဘာဖြစ်နေတာလဲလို့ပြန်ပြန်မေးတတ်တဲ့ အကျင့်မကောင်းဘူးဗျာ။ တစ်ခုခုပြော လိုက်တိုင်းလဲ ဟင်ဟင်နဲ့ ပြန်ပြန်မေးတတ်တဲ့ အကျင့်ပဲ။ ကိုယ့်ကြောင့်တော့ သူတပါးကို မနစ်နာစေချင် မထိ့ခိုက်စေချင်ဘူး ကိုယ်က ဘာမှပြန်လည်လုပ်မပေးနိုင်သေးတော့ ပိုလို့ ၀မ်းနည်းစရာတွေဖြစ်ရတယ်။ တစ်ခါတစ်လေ ကိုယ်က တန်ဖိုးထားတဲ့အရာတွေက ကိုတန်ဖိုးထားသလိုပြန်လည်မတုန့်ပြန်ရင် စိတ်ရဲ့ခံစားမှု နောက်ကိုလိုက် အရွဲ့တိုက်ပစ်လိုက်တဲ့အခါတွေရှိတယ် သူတို့ဘယ်လိုခံစားသွားမယ် ဘယ်လိုဖြစ်သွား မယ်ဆိုတာကို ကိုယ်ချင်းစာစိတ်လေးမ၀င်နိုင်ခဲ့ဘူး ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ပဲ တွေးတတ်ရူမြင်တတ်အကျင့်နဲ့ အော်တော်တော်ဆိုးတဲ့ ငါပါလား။ ကိုယ်တန်ဖိုးထားတယ်ဆိုတာလဲ ကိုယ်က ဘာမှပြန်လည်မတုံ့ပြန်တော့ ကိုယ့်ကိုဥပေက္ခာပြုနိုင် ရှောင်ဖယ်တာကိုလုပ်သွားမယ်ဆိုတာကို အခုတော့ သဘောပေါက် နားလည် ထား တယ် ဗျာ။ သူငယ်ချင်းတစ်ယောက်က ပြောပြဖူးတယ် ကျင့်ပါများရင်ကိုယ်ပိုင်ဖြစ်တယ်တဲ့ သူပြောခဲ့တဲ့စကား မမေ့သေးပေမဲ့ မကျင့်နိုင်သေးဘူး ဖြစ်မလာဘူးတော့မဟုတ်ဘူး လုပ်ရင်ဖြစ်တယ်ဆိုတာကို မလုပ်ဖြစ်သေးဘူး တကယ်ဆို ကိုယ်က ဘာမှမဟုတ်သေးဘူး မဖြစ်သင့်တာတွေကိုလိုက်အတုခိုး အားကျနေတတ်တော့ မပြော တော့ဘူးဗျာ ကိုယ့်အကြောင့်ကိုပြောရတာ သိပ်အားမရဘူးဖြစ်နေတယ် အများကြီးပြောပြချင်သေးတယ် ကိုယ်ဖြစ်ပျက်နေတာတွေ တလွဲလုပ်နေတာတွေ အားလုံးပါပဲဗျာ

gravatar

နားခိုရာ

လေနှင်ရာခရိးပဲမင်းပျံသန်း
အမှောင်တွေထဲတိစွန့်ဝင်လား
လေဟုတ်ဆိးရင်းဝေးနေဆဲ...........
ကြွေလွင်သွားမဲ့နေတွေလဲ...
ဒဏ်ရာများနဲ့ဖြတ်ကျော်ဆဲ
ပြန်လာခဲ့ဖို့သင့်ပြီမို့.........၀ိုး...အို...၀ိုး
အေးရိပ်တစ်ခုမှာခိုနားခွင့်ရခဲ့ချင်လဲ
အေးမြအရိပ်ဘယ်မှာရှိမလဲ
တကယ်ဆိုမင်းအနီးနားရှိပြီးသားပါပဲ........
ခိုဝင်ကာမှေးစက်တော့ သခင်အေးရိပ်လေးထဲ ၀ိုး.......အို.......
ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလဲမင်းဆက်ပျံဆဲ....
မိုးချုပ်လုပြီ အချိန်လေးမနှောင်းခင်လှည့်ပြန်ခဲ့.......၀ူး..........၀ူး.......

လေနှင်ရာခရိးပဲမင်းပျံသန်း
အမှောင်တွေထဲတိစွန့်ဝင်လား
လေဟုတ်ဆိးရင်းဝေးနေဆဲ...........
ကြွေလွင်သွားမဲ့နေတွေလဲ...
ဒဏ်ရာများနဲ့ဖြတ်ကျော်ဆဲ
ပြန်လာခဲ့ဖို့သင့်ပြီမို့.........၀ိုး...အို...၀ိုး
အေးရိပ်တစ်ခုမှာခိုနားခွင့်ရခဲ့ချင်လဲ
အေးမြအရိပ်ဘယ်မှာရှိမလဲ
တကယ်ဆိုမင်းအနီးနားရှိပြီးသားပါပဲ........
ခိုဝင်ကာမှေးစက်တော့ သခင်အေးရိပ်လေးထဲ ၀ိုး.......အို.......
ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလဲမင်းဆက်ပျံဆဲ....
မိုးချုပ်လုပြီ အချိန်လေးမနှောင်းခင်လှည့်ပြန်ခဲ့.......၀ူး..........၀ူး.......


ရေးတာဘယ်သူမှန်းမသိ့ပေမဲ့ မျိုးကြီး ဆိုထားတဲ့ နားခိုရာဆိုတဲ့သိချင်းလေးပါ အဓိပ္ပါယ်လေးက ကောင်း တယ် သီချင်းလေးပါတင်ပေးချင်ပေမဲ့ Audio Player ကိုဘယ်ကထည့်ရတယ်ဆိုတာ မလုတ်တတ်တော့လို့ စာသား လေးပဲတင်ဖြစ်သွားတာပါ....


MusicPlaylist
MySpace Playlist at MixPod.com


ရှာဖွေလေတွေ့ရှိလေမို့ရှာဖွေရင်းက တွေ့ရှိလာလို့တင်လိုက်ကြောင်းပါ :P

gravatar

နံမည်မသေသူများ

လူသေပေမဲ့နံမည်ကောင်းနဲ့နောင်လာနောက်သားတွေကိုအခုထက်တိုင်အေးချမ်းသောခံစားမှုလေးတွေပေး
ဆွမ်းခဲ့သောသူတွေအများကြီးပါ အဲအထဲမှာကျနော်သိသောသူတွေ မသိ့သောသူတွေအများကြီးပါ မှိလိုက်တာ တွေရှိသလို မမှီလိုက်ပဲကြားဖူးရုံကြားဖူးလိုက်တာတွေလဲအများကြီးပါပဲ အရင်ဆုံးတော့ မမေ့နိုင်တာက ကျနော့် ကျေးဇူးရှင် အဖေ နောက် ကျနော့်ကို ပညာတွေသင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေး သူတို့တတွေက ကျနော်မှီလိုက်သိ့လိုက်တဲ့ကျနော့်ဘ၀ရဲ့ ကျေးဇူးရှင်ဘ၀သခင်တွေပါ သူတို့ပေးခဲ့တဲ့ အသိ့ညာဏ်ပညာတွေကြောင့်လူလားမြောက်ခဲ့ရပါတယ်ဆိုတာဝန်ခံလိုက်ပါရစေဗျာ.... ကျနော် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူဘ၀အတွက်နေထိုင်နည်းတွေ ပညာတွေ သင်ညာတွေ အစုံသင်ပေးခဲ့တဲ့သူနှစ် ယောက်ပါလို့အရင်မှတ်ချက်ပေးပါတယ် နောက်ကျနော်ထပ်မှိလိုက်တာက လူဘ၀မှာ နေထိုင်တဲအချိန်မှာ မမေ့ လျှော့သင့်တာတွေကို သင်ကြားပြသပေးခဲ့တဲ့ ၂၁မိုင်ရွာ မှာ အိန္ဒြိယ ဗုဒ္ဒဂါယာဒေသမှ စေတိပုံတူ တည်ထားပေးခဲ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရန်ကုန်မြိုရွှေရင်မျှော်ကျောင်းဆရာတော်ကြီး ဦးဇာဂရ(မန္တလေးမြင်းဝန်တိုက် တိုက်အုပ်ကြီး) ပါပဲ ဆရာတော်ကျေးဇူးတော်အနန္တကို စိတ်အစဉ်မှာစွဲထင်နေပါ တယ်။ ကျနော့်အဖေကပြောပြခဲ့ဖူးတယ် လူသေသွားပေမဲနံမည်မသေဖို့လိုတယ်တဲ့ မှတ်သားခဲ့ပေမဲ့ လိုက်နာဖို့ မလေ့ကျင့်ခဲ့မိ့ဘူးကျနော်လဲနောင်လာနောင်သားတွေအတွက်တော့အနည်းဆုံးကောင်းတာလေးတစ်ခု လောက် ဖြည့်စွမ်းပေးချင်သေးတယ်။ လက်ရှိအခြေနေမှာကိုယ်က ဘာမှမဟုတ်ပေမဲ့ ကိုယ်အသိုင်းဝိုင်း ကိုယ်ပတ်ဝန်း ကျင် ကိုယ့်ဒေသကိုယ်တော့ အကောင်းဆုံးဆိုတာတွေကိုဖြည့်စည်းပေးချင်တဲ့ဆန္ဒကိုတော့ မဖြည့်စည်းနိုင်သေး ပါဘူး။ မျှော်လင့်ချက်တွေ ဆန္ဒတွေကိုအကောင်ထည်ဖော်တာ ပြောသလောက်မလွယ်ဘူးဆိုတာကို ကိုယ်တိုင် ခံစားကြည့်လိုက်မှသိလိုက်ရတယ်။ ပြင်ဆင်ချိန်တွေရှိနေသေးပေမဲ့ နည်းလွန်းတယ်လို့ထင်နေမိ့တယ်။ ဘ၀ မှာနံမည်မသေအောင် ဘယ်လိုနေထိုင်ပြုမူပြောဆိုဆက်ဆံရမလဲဆိုတာကိုတော့ လူပတ်ဝန်းကျင်မှာလှည်လည် ရင်းနဲ့ပဲ ရှာဖွေမွှေနှောက်ရဦးမယ်.........။ မသိတာတွေသိ့အောင် မတတ်တာတွေတတ်လာအောင် ကြီုးစားယူရ ဦးမယ် ရှာဖွေရဦးမယ် ကိုယ်မခံစားခဲ့ဖူးတဲ့ အရာတွေကို ကိုယ်ပတ်ဝန်းကျင်ကိုယ့်ဒေသလေးမှာတော့ အဲအရာ တွေကို စုံစုံလင်လင်လေး အလွယ်တကူရရှိစေချင်တယ်။ ဘာပဲပြောပြောပေါ့ အနည်းဆုံးတော့ အဲဒီလူတွေက သူတို့သမိုင်းကိုလှလှပပလေးနဲ့ရေးသွားနိုင်ခဲ့ကြတဲ့ သမိုင်းဝင် သူရဲကောင်းကြီးတွေ အာဇာနည်တွေပါပဲဆိုတာကျနော် ဂုဏ်ယူ လေးစားအားကျမိပါတယ်ဗျာ...........
သိပ်မကြာသေးခင်မှာပဲကွယ်လွန်သွားခဲ့တဲ့ရှမ်းပြည်ကအဆိုတော်ကြီးဆိုင်းထိးဆိုင်(ဦး), လူသေ သွားပေမဲ နံမည် မသေသောသူတစ်ယောက်ဆိုမှာမယ်မထင်ပါဘူး။ အထင်ကရကြီးတွေအများကြီးရှိပါတယ် သိသလောက် ရေးမယ်ဆိုလဲ ပြီးဆုံးတော့မှာမဟုတ်ပါဘူး။ သိသလောက် လက်လှမ်းမှိသလောက် ကြားဖူး မြင်ဖူး ခဲ့တဲ့သူတွေရဲ့ သူတို့ပြုခဲ့တဲ့လူဘ၀လူ့လောကအတွက် ကောင်းကြိုးတွေကိုပြန်သတိရ အမှတ်တရလေးကို ပြန်လည်ဖော်ပြခွင်ရတာကို ကျေးဇူးတင်လှပါပြီ

gravatar

ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြဿနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဘယ်ချိန်ခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်ကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြသနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

တေးရေး - မျိုးကျော့မြိုင်